Skip to main content

Posts

အမျိုးသားစုစည်းညီညွတ်မှု စိန်ခေါ်ချက်များ

  ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဟူသည့် စိတ်ဓာတ်ရေးရာ တောင်းဆိုချက်မှသည် လက်တွေ့ကျသော အုပ်ချုပ်ရေး ယန္တရားဆီသို့ ကူးပြောင်းသည့်အခါ "ခေတ်သစ် နိုင်ငံတော် တည်ဆောက်ရေး" (Modern State Building) ဟူသည့် ပဟေဠိနှင့် ရင်ဆိုင်ကြရသည်။ နိုင်ငံတော်ဟူသည် အဘယ်နည်း။ ယင်းသည် သတ်မှတ် နယ်နိမိတ်အတွင်း အင်အားသုံးစွဲမှုကို လက်ဝါးကြီးအုပ်ထားသည့် အဖွဲ့အစည်း (Max Weber ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ) သက်သက်သာလော၊ သို့မဟုတ် လူထု၏ ယုံကြည်ကိုးစားမှုကို အခြေခံသည့် ဝိညာဉ်ရေးရာ အဆောက်အအုံ တခုလောဟူသည်ကို ဆန်းစစ်ရန် လိုအပ်သည်။ ခေတ်သစ်နိုင်ငံ တခု တည်ဆောက်ရာတွင် အဆောက်အအုံများ၊ စစ်တပ်နှင့် ဥပဒေများ ရှိရုံဖြင့် ပြည့်စုံပြီလော၊ သို့မဟုတ် ယင်းနိုင်ငံအတွင်း နေထိုင်သူများက "ဒါဟာ ငါတို့နိုင်ငံ" ဟု ခံစားရမည့် တရားဝင်မှု (Legitimacy) ကို မည်သို့ တည်ဆောက်မည်နည်းဟူသည့် မေးခွန်းမှာ အခြေခံအကျဆုံး ဖြစ်နေပေလိမ့်မည်။ ၁၉၃၃ ခုနှစ် မွန်တီဗီဒီယို ညီလာခံက ခေတ်သစ်နိုင်ငံ တခုတွင် တသမတ်တည်းသော လူထု၊ သတ်မှတ် နယ်နိမိတ်၊ အစိုးရနှင့် အခြားနိုင်ငံများနှင့် ဆက်ဆံနိုင်သည့် စွမ်းရည်ဟူသည့် အချက်လေးချက် ရှိရမည်ဟု သတ်မှတ်ခဲ့သည်။ သို့ရာတွင် ဤ...
Recent posts

ခေတ်သစ်နိုင်ငံတော် တည်ဆောက်ရေးနှင့် ကမ္ဘာ့အချုပ်အခြာအာဏာ ရေစီးကြောင်း

နိုင်ငံသားဖြစ်မှုဆိုသည့် ဥပဒေရေးရာ နှောင်ကြိုးကို နားလည်ပြီးသည့်နောက်၊ ယင်းထက် ပိုမိုနက်ရှိုင်းသည့် လူထု၏ တောင်းဆိုချက် တခုမှာ "ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်" (Self-determination) ပင် ဖြစ်သည်။ လူထုဟူသည် အဘယ်နည်း၊ အဘယ်ကြောင့် လူထုသည် နိုင်ငံရေးတွင် အရေးကြီးသနည်းဟူသည့် မေးခွန်းများမှာ ယနေ့ခေတ် နိုင်ငံတကာ ဆက်ဆံရေး၏ ဗဟိုချက်မသို့ ရောက်ရှိလာသည်။ ရှေးကာလက အုပ်ချုပ်သူတို့သည် ဘုရားသခင်ပေးသည့် အာဏာ သို့မဟုတ် မျိုးရိုးအမွေရသည့် အာဏာဖြင့် အုပ်ချုပ်ခဲ့ကြသော်လည်း၊ ယနေ့ခေတ်တွင် မည်သည့် နိုင်ငံရေးစနစ်ကမဆို "လူထု၏ အာဏာ" ဖြင့် အုပ်ချုပ်သည်ဟုသာ ကြွေးကြော်နေကြသည်။ သို့ဆိုလျှင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဟူသည် လူထုအတွက် လက်တွေ့ကျသော အခွင့်အရေးလော သို့မဟုတ် အာဏာရှင်တို့ အသုံးချသည့် ဝေါဟာရသက်သက်သာလောဟူသည်ကို တွေးဆရန် လိုအပ်လာသည်။   ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို ဆန်းစစ်ရာတွင် ပြင်ပရေးရာ ကိုယ်ပိုင်ဆုံးဖြတ်ရေး (External self-determination) နှင့် အတွင်းစည်းရေး ကိုယ့်ဘာသာ ဆုံးဖြတ်ခွင့် (Internal self-determination) ဟူ၍ ခွဲခြား ရှုမြင်နိုင်သည်။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံတွင်မူ ဤဝေါဟာရကို ...

နိုင်ငံသားဖြစ်မှုနှင့် ဥပဒေ သို့မဟုတ် သွေးနှင့်နယ်မြေအခြေခံခြင်းဆိုင်ရာ အားပြိုင်မှုများ

  အမျိုးသားလူထုဟူသည့် စိတ်ပိုင်းဆိုင်ရာ စုဖွဲ့မှုမှသည် လက်တွေ့ကျသော နိုင်ငံရေး အဆောက်အအုံဆီသို့ ကူးပြောင်းသည့်အခါ "နိုင်ငံသားဖြစ်မှု" (Citizenship) ဆိုသည့် ဥပဒေရေးရာ တည်ဆောက်မှုနှင့် ရင်ဆိုင်ကြရသည်။ အမျိုးသားလူထုဟူသည် စိတ်နှင့် သင်္ကေတများဖြင့် စည်းနှောင်ထားသည့် နာမ်ပိုင်းဆိုင်ရာ အစုအဖွဲ့ ဖြစ်သော်လည်း၊ နိုင်ငံသားဖြစ်မှုမှာမူ လူတဦးချင်းနှင့် နိုင်ငံတော်အကြား တည်ရှိသည့် တရားဝင် အပေးအယူ နှောင်ကြိုး ဖြစ်သည်။ ဤနေရာတွင် မေးခွန်းထုတ်စရာ ရှိသည်မှာ နိုင်ငံသားဖြစ်မှုဟူသည် လူသားတိုင်း မွေးရာပါ ရရှိအပ်သည့် အခွင့်အရေးလော သို့မဟုတ် နိုင်ငံတော်က သတ်မှတ်ပေးသည့် စည်းကမ်းချက်များကို လိုက်နာမှသာ ရရှိမည့် ဆုလာဘ် တခုလောဟူသည့် အချက်ပင် ဖြစ်သည်။ ဤအယူအဆ နှစ်ရပ်အကြား တည်ရှိသည့် အားပြိုင်မှုကပင် ခေတ်သစ်နိုင်ငံများ၏ တည်ငြိမ်မှုနှင့် တရားမျှတမှုကို ဆုံးဖြတ်ပေးနေခြင်း ဖြစ်သည်။   နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို သတ်မှတ်ရာတွင် ကမ္ဘာ၌ အဓိကအားဖြင့် အမြင်နှစ်မျိုး ကွဲပြားနေသည်။ နယ်မြေကို အခြေပြုသည့် (Jus Soli) နှင့် သွေးကို အခြေခံသည့် (Jus Sanguinis) တို့ ဖြစ်ကြသည်။ နယ်မြေအခြေပြု စနစ်က နိုင်ငံတော်အတွင်း မွေးဖွားလ...

လူမျိုးစုမှသည် အမျိုးသားလူထုဆီသို့ နိုင်ငံရေးအရ အသွင်ပြောင်းလဲခြင်းဖြစ်စဉ်

လူမျိုးစု တစု၏ မူလဇစ်မြစ်ကို ဒဏ္ဍာရီနှင့် သိပ္ပံကြားတွင် ရှာဖွေတွေ့ရှိပြီးနောက် ပေါ်ပေါက်လာသည့် နောက်ထပ် မေးခွန်းတခုမှာ ယင်းလူမျိုးစုသည် မည်သည့်အချိန်တွင် "အမျိုးသားလူထု" (Nation) ဟူသည့် နိုင်ငံရေး ဝိသေသဆီသို့ ကူးပြောင်းသွားသနည်းဟူသည့် အချက်ဖြစ်သည်။ လူမျိုးစု (Ethnicity) နှင့် အမျိုးသားလူထု (Nation) ကို လူအများက ရောထွေးစွာ သုံးစွဲလေ့ ရှိသော်လည်း ယင်းတို့အကြား တည်ရှိသည့် ခြားနားချက်မှာ သိမ်မွေ့သလို နက်နဲလှသည်။ လူမျိုးစု တစုသည် မိသားစု၊ ဆွေမျိုးစုနှင့် ယဉ်ကျေးမှု တူညီခြင်းအပေါ် အခြေခံကာ သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုနေချိန်တွင် အမျိုးသားလူထု ဖြစ်တည်မှုသည် အနာဂတ် ရည်မှန်းချက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နိုင်ငံရေးအရ အချုပ်အခြာအာဏာကို ဆာလောင်မှုအပေါ် အခြေခံကာ ရှေ့သို့ ကြည့်နေခြင်း ဖြစ်သည်။ သို့ဆိုလျှင် လူမျိုးစု တစုကို အမျိုးသားလူထု အဖြစ်သို့ တွန်းပို့လိုက်သည့် အခရာကျသော အချက်မှာ အဘယ်နည်း။ ယင်းသည် သဘာဝအလျောက် ဖွံ့ဖြိုးလာခြင်းလော သို့မဟုတ် တမင်တကာ တည်ဆောက်ယူရသည့် နိုင်ငံရေး စီမံကိန်း တခုလောဟူသည်ကို တွေးဆကြည့်ရန် လိုအပ်သည်။   အမျိုးသားလူထုကို "စိတ်ကူးဖြင့် စုဖွဲ့ထားသည့် ...

လူမျိုးစုတစု၏ ဒဏ္ဍာရီနှင့် သိပ္ပံကြားက ဝိသေသလက္ခဏာများ

လူမျိုးစု တစု၏ မူလအစကို ရှာဖွေခြင်းသည် အမှန်တကယ်တွင် သမိုင်းကြောင်းကို တူးဖော်ခြင်းသက်သက် မဟုတ်ဘဲ လူသားတို့၏ စိတ်အစဉ်အတွင်း ကိန်းအောင်းနေသည့် ဝိသေသလက္ခဏာ ဆာလောင်မှုကို ဖြည့်ဆည်းခြင်းလည်း ဖြစ်သည်။ လူမျိုးစု တစု မည်သို့ ပေါ်ပေါက်လာသနည်းဟူသည့် မေးခွန်းကို ရင်ဆိုင်ရသည့်အခါ ရှေးဟောင်းဒဏ္ဍာရီများ၏ ဝိညာဉ်ရေးရာ ဆွဲဆောင်မှုနှင့် ခေတ်သစ်သိပ္ပံပညာ၏ ခိုင်မာသော သက်သေအထောက်အထားများအကြား ပွတ်တိုက်မှုများကို ရှောင်လွှဲ၍ မရနိုင်ပေ။ အင်မတန် ထူးခြားသည့် တောတောင်ဂူဝများ သို့မဟုတ် နက္ခတ်တာရာများထံမှ ဆင်းသက်လာသည်ဟူသော ဇာတ်အိမ်များက လူတို့၏ စိတ်ကို မည်သို့ စည်းနှောင်ထားနိုင်သနည်း။ တဘက်တွင်လည်း သိပ္ပံနည်းကျ ကျောက်လက်နက်များ၊ ရွှေ့ပြောင်းသွားလာမှု မှတ်တမ်းများက ယင်းဒဏ္ဍာရီများကို အားနည်းသွားစေသလော သို့မဟုတ် ပို၍ နက်ရှိုင်းသော လူမှုဗေဒဆိုင်ရာ အဓိပ္ပာယ်များ ပေးဆောင်နေသလောဟူသည်ကို ဆန်းစစ်ရန် လိုအပ်လာသည်။ ဤနေရာတွင် ဝမ်းတွင်းပါ အနှစ်သာရဝါဒ (Essentialism) နှင့် လူတို့ သဘောတူညီ သတ်မှတ်ချက်ဝါဒ (Constructionist) တို့၏ အားပြိုင်မှုကို သတိပြုမိနိုင်သည်။ အချို့က လူမျိုးဖြစ်တည်မှုကို ပြင်ဆင်၍ မရသော၊ သွေးသားအတွင်း ကတည်းက ပါ...

"၁၃၅ မျိုး" ဆိုတာ မနုဿဗေဒ သဘောတရားလား၊ နိုင်ငံရေးထောင်ချောက်လား

မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲမှာ စာရေးသူတို့ နားယဉ်နေခဲ့တဲ့ ကိန်းဂဏန်းတခု ရှိပါတယ်။ ဒါကတော့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတဲ့ အမှတ်အသားပါပဲ။ ဒီကိန်းဂဏန်းကို မတူကွဲပြားကြွယ်ဝခြင်းရဲ့ ပြယုဂ်အဖြစ် ယေဘုယျ လက်ခံထားကြပေမဲ့ ဒီစာရင်းဟာ ရိုးရှင်းတဲ့ လူမျိုးစုစာရင်းအင်းတခု သက်သက် မဟုတ်ဘူး ဆိုတာကို တံပိုးသံစာစဉ်ရဲ့ "ဗဟုအမျိုးသားဖြစ်တည်မှုနှင့် မြန်မာ့ဇာတ်ကြောင်း ပြန်ပြောင်းသုံးသပ်ရာဝယ်" စာတမ်းမှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရေးသိပ္ပံရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီစာရင်းဟာ လူ့အဖွဲ့အစည်းတရပ်ကို နိုင်ငံရေးအင်အားစုအဖြစ် မစုစည်းနိုင်အောင် အက်တမ်မြူမှုန်တွေသဖွယ် တစစီချေမွဖြိုခွဲလိုက်တဲ့ (Social Atomization) ဖြစ်စဉ်တခုအဖြစ် ရှုမြင်နိုင်စရာ အကြောင်းရင်းတွေ ရှိနေပါတယ်။ "၁၃၅" ဆိုတဲ့ ဂဏန်းရဲ့ ဇာစ်မြစ်ကို ပြန်ကောက်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီစာရင်းဟာ အစောပိုင်း အချက်အလက်အမှားတွေကို ပုံပျက်ပန်းပျက် ကိုးကားပြီး ၁၉၉၀ ဝန်းကျင် စစ်အစိုးရလက်ထက်ကျမှ တရားဝင် ခိုင်ခိုင်မာမာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်တွေရဲ့ စနစ်ကျတဲ့ သုတေသနပြုချက်တွေပေါ် အခြေခံထားတာထက် နိုင်ငံရေးရည်ရွယ်ချက်နဲ့ စုစည်းထားတာဖြစ်...

ဖက်ဒရယ်သည် စကားဝိုင်းတခု၊ အိမ်တခု

အိမ်တအိမ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒီအိမ်ကြီးထဲက အခန်းတွေဟာ တခုနဲ့တခု မတူညီကြဘူး။ အခန်းတခန်းမှာ ကလေးပုံပြင်တွေ ကပ်ထားပြီး၊ နောက်တခန်းမှာတော့ သီချင်းသံတွေ ကြားနေရတယ်။ တချို့အခန်းတွေက နံ့သာပေါင်းမီးထွန်းပြီး ဘုရားဝတ်ပြုချိန်မှာ၊ တခြားအခန်းတွေကတော့ ထမင်းလက်ဆုံစားနေကြတယ်။ ဒီအခန်းတွေထဲ နေထိုင်ကြသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပေမဲ့၊ တပုံစံတည်း တူညီနေသူတွေ မဟုတ်ကြဘူး။ သူတို့ အမြဲတမ်း သဘောထားချင်း တိုက်ဆိုင်နေတာလည်း မဟုတ်ဘူး။ တခါတရံ ရန်ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံး သဘောတူထားတဲ့ အချက်တချက်တော့ ရှိတယ်။ အဲဒါကတော့ "ဒီအိမ်ဟာ သူတို့ထဲက တဦးတယောက်တည်း ပိုင်ဆိုင်တာမဟုတ်ဘဲ၊ အားလုံးနဲ့ သက်ဆိုင်တဲ့အိမ် ဖြစ်ရမယ်" ဆိုတဲ့ အချက်ပါပဲ။   ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရ၊ ဒါမှမဟုတ် ဖက်ဒရယ်ရဲ့ ဝိညာဉ်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီလိုပဲ ဖြစ်သင့်တယ်။   ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။ (ကျောင်းသုံးစာအုပ်ထဲက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ၊ အသက်ဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးအယူအဆတခုအနေနဲ့ မေးချင်တာပါ)။   ဖက်ဒရယ်စနစ်ဆိုတာ မြေပုံမဟုတ်ဘူး၊ စကားဝိုင်းတခုသာ ဖြစ်တယ်။   မြန...