Skip to main content

Posts

အခြားသူတွေကို ပြောင်းလဲစေချင်တဲ့အခါ

လူတွေဟာ တယောက်ကိုတယောက် ပြောင်းလဲဖို့ ကြိုးစားရင်းနဲ့ပဲ အချိန်တွေကို ကုန်ဆုံးလေ့ရှိကြတယ်။ မိဘတွေက သားသမီးတွေကို ပုံသွင်းဖို့ ကြိုးစားတယ်။ ဆရာတွေက ကျောင်းသားတွေကို ပညာသင်ပေးဖို့ ကြိုးစားတယ်။ သူငယ်ချင်းအချင်းချင်း အကြံဉာဏ်တွေ ပေးကြတယ်။ ကုထုံးပညာရှင်တွေက သူတို့ရဲ့ ဖောက်သည်တွေ အကျင့်ဟောင်းတွေနဲ့ ယုံကြည်မှုတွေကို ပြန်လည်သုံးသပ်လာနိုင်အောင် ကူညီပေးတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေက ပြည်သူတွေရဲ့ အသိစိတ်ကို ပြောင်းလဲဖို့ ကြိုးစားကြတယ်။ ဘာသာရေးအဖွဲ့အစည်းတွေက ဘာသာပြောင်းဖို့ ဆွဲဆောင်ကြတယ်။ အစိုးရတွေကလည်း လိုလားအပ်တဲ့ နိုင်ငံသားကောင်း ပုံစံမျိုးဖြစ်လာအောင် ပံ့ပိုးကြတယ်။ NGO တွေက အသိပညာပေး ကမ်ပိန်းတွေ လုပ်ကြတယ်။ ချစ်သူရည်းစားတွေဆိုရင်လည်း ချစ်တဲ့သူ တဖြည်းဖြည်းနဲ့ အနည်းငယ်ပြောင်းလဲလာမယ့်အချိန်ကို မျှော်လင့်ရင်း ဆက်ဆံရေးတွေကို တည်ဆောက်ကြတယ်။ ဒါကြောင့်မို့လို့ လူမှုဘဝရဲ့ အစိတ်အပိုင်းတော်တော်များများဟာ သေသေချာချာ မစစ်ဆေးရသေးတဲ့ ယူဆချက်တခုပေါ်မှာ တည်ဆောက်ထားကြတယ်။ အဲဒါကတော့ "လူတယောက်ဟာ နောက်လူတယောက်ကို ပြောင်းလဲဖို့ တရားဝင်ကြိုးစားခွင့်ရှိတယ်" ဆိုတဲ့ ယူဆချက်ပဲ ဖြစ်ပါတယ်။ ဒီယူဆချက်ဟာ တိုက်ရိုက်မေ...
Recent posts

အကြောင်းအရာအပေါ် ရှင်းပြပုံအဆင့်များကို နားလည်ခြင်း

လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။ အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။ အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့် ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။ ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်...

ပြန်ထပ်ပုံစံ (Pattern) များအား နားလည်ခြင်း

စာရေးသူတို့ လူသားတွေမှာ မွေးကတည်းက ပါလာတဲ့ ထူးခြားတဲ့ စွမ်းရည်တခု ရှိတယ်။ အဲ့ဒါကတော့ "ပုံစံ" (Patterns) တွေကို အလိုလို ရှာဖွေတတ်တာပါပဲ။ ကလေးဘဝတုန်းက အမေပြုံးပြရင် ကိုယ်က လိုက်ပြုံးလိုက်တယ်၊ အဲ့ဒီအခါ အမေက ပိုချစ်မှန်း သိလာတယ်။ ဒီလိုနဲ့ "အပြုံး = မေတ္တာ" ဆိုတဲ့ ပုံစံကို မှတ်သားခဲ့ကြတယ်။ ကြီးလာတော့လည်း တိမ်မည်းတွေ တက်လာရင် မိုးရွာတော့မယ်ဆိုတာ ဘယ်သူမှ သင်ပေးစရာမလိုဘဲ သိကြတယ်။ လူတယောက် ဒေါသထွက်ခါနီးရင် လေသံမာလာတာ၊ မျက်နှာပျက်လာတာတွေကို ကြည့်ပြီး ကျွန်တော်တို့ ရှောင်ဖယ်တတ်ကြတယ်။ ဒီလို "အကဲခတ်တတ်တဲ့ စွမ်းရည်" သာ မရှိရင် ကျွန်တော်တို့ဘဝတွေ တော်တော်လေး ရှုပ်ထွေးနေမှာပါ။ ဦးနှောက်က ဖြတ်လမ်းလိုက်တဲ့အခါ ဒါပေမဲ့ ပြဿနာက ဒီစွမ်းရည်က အမြဲတမ်း မမှန်ကန်တာပါပဲ။ ကျွန်တော်တို့ ဦးနှောက်က ဆက်စပ်မှုတွေကို ရှာရတာ အရမ်းဝါသနာကြီးလွန်းတော့ တခါတလေ မဆိုင်တာတွေကိုပါ အတင်းလိုက်ဆက်စပ်ပြီး ဇာတ်လမ်းဆင်တတ်တယ်။ ဆိုပါစို့။ လောင်းကစားဝိုင်းမှာ သုံးခါဆက်တိုက် ရှုံးနေပြီဆိုရင် "ဟာ... ဒီလောက်ရှုံးထားတာ ဒီတစ်ခါတော့ နိုင်တော့မှာပါ" လို့ ထင်တတ်ကြတယ်။ တကယ်တော့ ဖဲချပ်တွေ၊ အန်စာတုံး...

"နယ်မြေ" ဆိုတာ နိုင်ငံရေးသမိုင်းအမွေတွေကို မြေပြင်ပေါ်မှာ အသက်သွင်းလိုက်ခြင်းပါပဲ

"နယ်မြေ" ဆိုတဲ့ကိစ္စကို စဉ်းစားမိတိုင်း ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စတဲ့ စကားလုံးတွေနဲ့ပဲ အမြဲလိုလို တွဲမြင်မိတတ်ပါတယ်။ အရင်တုန်းကတော့ "နယ်မြေ" ဆိုတာ လူမျိုးတမျိုးက သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ သယံဇာတတွေကို ကာကွယ်ဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုရမယ့် နေရာတစ်ခုလို့ပဲ အဓိကမြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်လေလေ၊ ဒီအမြင်က မှန်ပေမယ့် မပြည့်စုံဘူးလို့ ခံစားလာရလေလေပါပဲ။ နယ်မြေဆိုတာ လူမျိုးစုတခုဖြစ်တည်လာလို့ ရလာတဲ့ အခွင့်အရေးသက်သက် မဟုတ်ပါဘူး။ တကယ်တော့ နယ်မြေဆိုတာ "နိုင်ငံရေးအမွေအနှစ်တွေ မြေပြင်ပေါ်မှာ ထင်ရှားသက်ဝင်လာတဲ့ နေရာ" တခုမဟုတ်လား။ နိုင်ငံရေးအမွေအနှစ်ဆိုတာ အတိတ်က ဘုရင်ခေတ် ဇာတ်လမ်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေချည်းပဲဖြင့် မဟုတ်ပါ။ အဲဒါဟာ လူတွေ နေရာတခုမှာ အတူတူ နေထိုင်ခဲ့ကြ၊ ကိုယ့်ဖာသာ အုပ်ချုပ်ခဲ့ကြ၊ ပြဿနာတွေ ဖြေရှင်းခဲ့ကြ၊ အသက်မွေးဝမ်းကျောင်းတွေ ဖန်တီးခဲ့ကြ၊ ရန်သူကို ခုခံခဲ့ကြတဲ့ စုပေါင်းလှုပ်ရှားမှုတွေလို့ ပြန်မြင်ပါစို့။ အဲဒီလို အချိန်နဲ့အမျှ သယ်ဆောင်လာတဲ့ နိုင်ငံရေးအမှတ်တရတွေကို ...

စနစ်များအား နားလည်ခြင်း

မိတ်ဆွေတို့၊ စာရေးသူတို့ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာတခုခု ကြုံလာရင် ဘယ်လို တုံ့ပြန်လေ့ရှိပါသလဲ။ ခေါင်းကိုက်ရင် ပါရာစီတမော သောက်လိုက်တယ်။ ဗိုက်ဆာရင် ထမင်းစားလိုက်တယ်။ ကားတာယာပေါက်ရင် ဘီးလဲလိုက်တယ်။ ဒါဟာ ပုံမှန်ပါပဲ။ ချက်ချင်းလက်ငင်း အဆင်ပြေသွားတာကိုး။ ဒါပေမဲ့ တခါတလေမှာ ပြဿနာတွေက ထပ်ခါထပ်ခါ ဖြစ်နေတတ်တယ်။ ဆေးသောက်လဲ ခေါင်းက ပြန်ကိုက်တာပဲ၊ ဘီးလဲပြီးလဲ နောက်တပတ်နေတော့ ကားက ထပ်ပျက်ပြန်ရော။ ဒီလိုအခြေအနေမျိုးမှာ စာရေးသူတို့ဟာ "အဖြစ်အပျက်" တခုချင်းစီကိုပဲ လိုက်ရှင်းနေပြီး၊ အဲဒီအဖြစ်အပျက်တွေ ဖြစ်လာအောင် ဖန်တီးနေတဲ့ နောက်ကွယ်က "စနစ်" (System) ကြီးတခုလုံးကို မမြင်မိတာ ဖြစ်နိုင်တယ်။ ဒီနေ့တော့ မိမိတို့ရဲ့ တွေးခေါ်ပုံကို နည်းနည်းလေး မြှင့်ကြည့်ကြရအောင်။ ဒါကို "System Recognition" သို့မဟုတ် စနစ်များကို နားလည်သဘောပေါက်ခြင်းလို့ ခေါ်ပါတယ်။ စနစ်တခုကို လေ့လာရင် စိတ်အပိုင်းတွေ၊ ဆက်နွှယ်မှုတွေ၊ ဖြစ်စဉ်တွေ၊ လုပ်ဆောင်ချက်တွေ၊ ရလဒ်တွေရယ်လို့ ရှိတယ်။ မရည်ရွယ်ပဲ ထွက်လာတဲ့ လုပ်ဆောင်ချက်တွေလည်းရှိတယ်။ သူတို့က အမြဲလှုပ်ရှားနေတယ်။ အုတ်ပုံတပုံလိုမဟုတ်ဘူး။ သတ္တဝါတကောင်ရဲ့ အစိတ်အပိ...

စုစည်းတည်ဆောက်အပ်သည့် အရှိတရားနှင့် အသိများ

 သစ်ပင်တွေကြီးထွားတယ်။ မြစ်တွေစီးဆင်းတယ်။ ကျောက်တုံးတွေကို လွှတ်ချလိုက်ရင် ကျသွားတယ်။ လေတိုက်သွားတာ မျက်နှာမှာ ခံစားရတယ်။ ဆားအရသာကို လျက်ကြည့်နိုင်တယ်။ မိုးကြိုးသံကို ကြားနိုင်တယ်။ ဒီကမ္ဘာက လက်တွေ့အမှန်ဖြစ်တယ်ဆိုတာ ရှင်းနေတာပါပဲ။ ဒါပေမယ့် စာရေးသူတို့ မကြာခဏမေ့တတ်တာက ဒီကမ္ဘာကို တိုက်ရိုက်ထိတွေ့နိုင်တာမဟုတ်ဘူးဆိုတာပါ။ စာရေးသူတို့ရဲ့ "အာရုံခံစားမှုတွေ" ဆိုတဲ့ စစ်ထုတ်စနစ် (ဒါမှမဟုတ်) ဘာသာပြန်မှုကနေတဆင့်ပဲ သိရှိနိုင်တာဖြစ်တယ်။ စာရေးသူတို့ရဲ့ အာရုံခံစားမှုတွေဟာ အံ့သြစရာကောင်းပေမယ့် ကန့်သတ်ချက်တွေရှိတယ်။ စာရေးသူတို့မျက်လုံးတွေက မြင်နိုင်တဲ့အလင်းရောင်စဉ် (visible spectrum) ဆိုတဲ့ အလင်းရဲ့သေးငယ်တဲ့အစိတ်အပိုင်းကိုပဲ မြင်နိုင်တယ်။ ဒါက ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည်နဲ့ အခြားဖြာထွက်မှုတွေပါဝင်တဲ့ ပိုမိုကြီးမားတဲ့အလင်းကမ္ဘာထဲကမှ သေးငယ်တဲ့ အကွာဟလေးတခုပါပဲ။ စာရေးသူတို့နားတွေက ဆင်တွေရဲ့ ပြောနေတဲ့ အနိမ့်သံတွေ၊ လင်းနို့တွေရဲ့ ထုတ်နေတဲ့ အမြင့်သံတွေကို မကြားနိုင်တဲ့ အသံအတိုင်းအတာအရ သေးငယ်တဲ့အပိုင်းကိုပဲ ကြားနိုင်တယ်။ အရေပြားက ထိတွေ့မှုကိုခံစားနိုင်ပေမယ့် စာရေးသူတို့ကိုဝန်းရံ...

အမျိုးသားစုစည်းညီညွတ်မှု စိန်ခေါ်ချက်များ

  ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဟူသည့် စိတ်ဓာတ်ရေးရာ တောင်းဆိုချက်မှသည် လက်တွေ့ကျသော အုပ်ချုပ်ရေး ယန္တရားဆီသို့ ကူးပြောင်းသည့်အခါ "ခေတ်သစ် နိုင်ငံတော် တည်ဆောက်ရေး" (Modern State Building) ဟူသည့် ပဟေဠိနှင့် ရင်ဆိုင်ကြရသည်။ နိုင်ငံတော်ဟူသည် အဘယ်နည်း။ ယင်းသည် သတ်မှတ် နယ်နိမိတ်အတွင်း အင်အားသုံးစွဲမှုကို လက်ဝါးကြီးအုပ်ထားသည့် အဖွဲ့အစည်း (Max Weber ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ) သက်သက်သာလော၊ သို့မဟုတ် လူထု၏ ယုံကြည်ကိုးစားမှုကို အခြေခံသည့် ဝိညာဉ်ရေးရာ အဆောက်အအုံ တခုလောဟူသည်ကို ဆန်းစစ်ရန် လိုအပ်သည်။ ခေတ်သစ်နိုင်ငံ တခု တည်ဆောက်ရာတွင် အဆောက်အအုံများ၊ စစ်တပ်နှင့် ဥပဒေများ ရှိရုံဖြင့် ပြည့်စုံပြီလော၊ သို့မဟုတ် ယင်းနိုင်ငံအတွင်း နေထိုင်သူများက "ဒါဟာ ငါတို့နိုင်ငံ" ဟု ခံစားရမည့် တရားဝင်မှု (Legitimacy) ကို မည်သို့ တည်ဆောက်မည်နည်းဟူသည့် မေးခွန်းမှာ အခြေခံအကျဆုံး ဖြစ်နေပေလိမ့်မည်။ ၁၉၃၃ ခုနှစ် မွန်တီဗီဒီယို ညီလာခံက ခေတ်သစ်နိုင်ငံ တခုတွင် တသမတ်တည်းသော လူထု၊ သတ်မှတ် နယ်နိမိတ်၊ အစိုးရနှင့် အခြားနိုင်ငံများနှင့် ဆက်ဆံနိုင်သည့် စွမ်းရည်ဟူသည့် အချက်လေးချက် ရှိရမည်ဟု သတ်မှတ်ခဲ့သည်။ သို့ရာတွင် ဤ...